Monday, July 30, 2012

တရုတ် အကြီးဆုံးကင်းလှည့်သင်္ဘောအား တောင်တရုတ်ပင်လယ်အတွင်းသို့ စေလွှတ်

ဟွဏ်းဘီးလ် ။    ။ တရုတ်နိုင်ငံဟာ ၎င်းရဲ့ ရေပိုင်နက် အကျိုးစီးပွားကို ကာကွယ်ဖို့ ၎င်းရဲ့ အကြီးဆုံး ကင်းလှည့် သင်္ဘောတစ်စင်းကို စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

Haixun 01 အမည်ရှိ အဆိုပါ ကင်းလှည့် သင်္ဘောဟာ ငါးထောင် လေးရာ တစ်ဆယ့်ရှစ် တန် အလေးချိန်ရှိပြီး ပင်လယ်ပြင်အတွင်း ရှာဖွေ ကယ်ဆယ်ရေးနဲ့ စောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ရဟတ်ယာဉ် ရပ်နားကွင်းတစ်ခုနဲ့ ဆေးဝါးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာတွေလည်း သင်္ဘောပေါ်မှာ ပါရှိပါတယ်။

အခြားရေယာဉ်တွေကို ပစ်ခတ်နိုင်တဲ့ စစ်လက်နက်တွေ တပ်ဆင်ထားတဲ့ Haixun 01 ကို သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနရဲ့ ရှန်ဟိုင်း ရေကြောင်းဌာနက စီမံခန့်ခွဲပါတယ်။

တရုတ်နိုင်ငံမှာ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ အတွက် နိုင်ငံရဲ့ ၀န်ကြီးဌာနတွေနဲ့ အေဂျင်စီတွေမှာ ကင်းလှည့်ရေယာဉ်တွေ ပိုင်ဆိုင်ထားပါတယ်။ Haixun 01 ကင်းလှည့် သင်္ဘောကို ပိုင်နက်နယ်မြေ အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်အတွင်း တပ်ဖြန့်ထားမှာ ဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment