ဟွဏ်းဘီးလ် (မေဝဿာန်)။ ။ ပျိုဖော်ဝင်စ တူမလေးများ အတွက် မိတ်ကပ် လိမ်းခြယ်တဲ့ အခါမှာ အခြေခံ အဆင့် အလိုက် စနစ်တကျအဆင့်ဆင့် ဘယ်လို လိမ်းခြယ်ရမလဲ ဆိုတာကို ပြောပြပေးပါမယ်။
ဖောင်ဒေးရှင်း
ပထမဆုံး မိတ်ကပ်လိမ်းတဲ့အခါ ကိုယ့်အသားအရေထက် ပိုဖျော့တဲ့ ဖောင်ဒေးရှင်းကို လိမ်းပေးရပါမယ်။ ဖောင်ဒေးရှင်း လိမ်းတဲ့အခါမှာ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မှုရှိဖို့ လိုအပ်ပြီး မျက်နှာရဲ့ အလယ်ကနေစပြီး လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ လိမ်းကျံတဲ့အခါမှာ လက်ညှိုး ထိပ်ဖျားကလေးတွေနဲ့ လိမ်းကျံနိုင်သလို မိတ်ကပ်လိမ်းတဲ့ အမြုပ်တစ်ခုခုနဲ့လည်း လိမ်းကျံနိုင်ပါတယ်။
ကွန်ဆီလာ
ဖောင်ဒေးရှင်းလိမ်းပေးပြီးမှ မျက်ဝန်းအောက်က နေရာကို ညိုနေရင် ကွန်ဆီလာလေးနဲ့ ဖုံးပါမယ်။ ပြီးမှ ကွန်ဆီလာကို ဖောင်ဒေးရှင်းနဲ့ သမအောင်၊ အရောင်ညီအောင် လိမ်းခြယ်ပါမယ်။ ကွန်ဆီလာကို ကြာရှည်ခံအောင် Losse Powder လေးနဲ့ ထပ်လိမ်းပေးပါမယ်။
အိုင်းရှဲဒိုး
မျက်ခုံးအတွက် ခြယ်သတဲ့အခါမှာ ကိုယ့်မျက်ခုံး အရောင်အသွေးနဲ့ ကိုက်ညီမယ့် အညို၊ အနက် အိုင်းဘရိုးလေးနဲ့ ဆွဲပေးရပါမယ်။ ပြီးတော့မှ အိုင်းရှဲဒိုးအတွက် အရောင်အဖျော့၊ အရင့်၊ အလတ်ကိုယူပြီး မျက်လုံးကို ခြယ်သပါမယ်။ ပထမဆုံး ခပ်ရင့်ရင့် အရောင်ကိုယူပြီး မျက်ခွံကို လိမ်းပေးရပါမယ်။ အရောင်ဖျော့တာကိုတော့ မျက်ခုံးရဲ့အောက်နေရာမှာ ဆွဲပေးရပါမယ်။ ပြီးတော့မှ အိုင်းလိုင်နာကို မျက်တောင် အပေါ်နဲ့အောက် သေချာစွာ ဆွဲပေးရပါမယ်။ အဲဒါတွေပြီးမှ မာ့စ်ကာရာကို မျက်တောင် အပေါ်အောက်ကို နှစ်ထပ် (သို့) သုံးထပ်ဆွဲပေးရပါမယ်။ ညီနေအောင်ဆွဲပေးဖို့ လိုအပ်ပါတယ်။
နှုတ်ခမ်းနီ
နှုတ်ခမ်းနီဆိုးတဲ့အခါမှာ အသားအရောင်ပေါ် မူတည်ပြီး နှုတ်ခမ်းနီအရောင်ကို ရွေးချယ်သင့်ပါတယ်။ ကိုယ့်အသားအရောင်ထက် ပိုဖျော့၊ ပိုရင့်တဲ့အရောင် စသဖြင့် မိမိကြိုက်နှစ်သက်ရာ၊ လိုက်ဖက်ရာကို ရွေးချယ်သင့်ပါတယ်။ ဒီနည်းတွေဟာ အခြေခံအဆင့် စနစ်တကျ လိမ်းခြယ်တဲ့ နည်းတွေဖြစ်ပြီး ပျိုမေတို့အနေနဲ့ အဆင့်အလိုက် ခြယ်သသင့်တဲ့နည်းတွေလည်း ဖြစ်ပါတယ်။
0 comments:
Post a Comment