ဟွဏ်းဘီးလ် (ဒေါက်တာခင်မိုးမိုး)။ ။ သင့်ခန္ဓာ ကိုယ် ရဲ့ဇီဝ နာရီကို နား လည်တာ ကြောင့် နှစ်နှစ် ခြိုက်ခြိုက် အိပ် ပျော်တာ၊ ကိုယ်အလေးချိန်လျော့တာ၊ စိတ်ဖိစီးမှုလျော့နည်းတာနဲ့ ဒါထက် ပိုမို ကောင်းမွန်တာတွေဖြစ်နိုင်အောင် ကူညီ နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက မကြာ ခင်ကမှ အကြံပြုထားပါတယ်။ သင့်ကို ပိုမိုကျန်းမာပြီး ပျော်ရွှင်နိုင်အောင် ပြု လုပ်ပေးနိုင်တဲ့ အချိန်လှည့်စားမှုတွေကို အောက်ပါအတိုင်း ရှာဖွေတွေ့ရှိထားပါ တယ်။
၁။ ဆေးထိုးဖို့ လိုအပ်ရင် နံနက်ပိုင်း အချိန်မှာ ပြုလုပ်ပါ
သင်ဟာ ကာကွယ်ဆေးထိုးဖို့ လို အပ်ရင် ဒါမှမဟုတ် နာကျင်မှုဖြစ်စေတဲ့ အရာကို ပြုလုပ်ရမယ်ဆိုရင် နံနက်ပိုင်း မှာ ပြုလုပ်တာကြောင့် ပိုမိုပြီး သက် သောင့်သက်သာဖြစ်နိုင်တယ်လို့ ယူကေ တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။
ဘယ်လို အလုပ်လုပ်သလဲ
အိပ်ရာထစအချိန်မှာ ခန္ဓာကိုယ်အ တွင်း နာကျင်မှုကို ပိတ်ပင်နိုင်တဲ့ဟော် မုန်းအဆင့်ဟာ အမြင့်ဆုံးအချိန်ဖြစ်တယ် လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ မနက် ခြောက်နာရီနဲ့ ရှစ်နာရီအတွင်းမှာ အဲဒီဟော်မုန်းတွေ အမြင့်မားဆုံးအချိန် ဖြစ်တာကြောင့် ဆေးထိုးဖို့ လိုအပ်ရင် ဒီအချိန်ကို ရွေးချယ်လိုက်ပါ။
Tip!
သွားနဲ့ ပတ်သ်သက်ပြီး ကုသုသမှု ခံယံယူရင် မနက်ပိုင်း ကို မရွေးပါနဲ့
သင်ဟာ ထုံဆေးလိုအပ်တဲ့ သွား ကုသမှုကို ခံယူရမယ်ဆိုရင် ညနေ့ခင်း သုံး နာရီမှာ ပြုလုပ်လိုက်ပါ။ ဒီအချိန်မှာ ထုံ ဆေးအသုံးပြုတာဟာ တခြားအချိန်တွေ မှာ အသုံးပြုတာထက် နှစ်ဆမှ သုံးဆ ပိုမိုတာရှည်နိုင်တယ်လို့ ပြင်သစ်မှ သုတေ သီတွေက ဖော်ထုတ်လိုက်ပါတယ်။ သင့် ခန္ဓာကိုယ်မှ သွေးကြောတွေဟာ ဒီအချိန် မှာ အကျဉ်းမြောင်းဆုံးဖြစ်တာမို့ ထုံဆေး တွေဟာ ခန္ဓာကိုယ်အတွင်း လှည့်ပတ် ရောက်ရှိမှုနည်းသွားပြီး ခံတွင်းထဲမှာ ရှိ နေနိုင်တာမို့ပါ။
၂။ အိပ်မပျော်တာဖြစ်နေရင် Mult-Vitamins ကို မနက်ပိုင်းမှာ မှီဝဲပါ
သင်ဟာ အိပ်ရေးမဝဖြစ်ခဲ့ရင် သင် မှီဝဲနေတဲ့ Mult-Vitamins အားဆေး ကို မှီဝဲတဲ့အချိန်ကြောင့်ပါလို့ အယ်လ် ဘားမားတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ နေ့ခင်း ၁၂ နာရီနောက်ပိုင်း မှာ အားဆေးမှီဝဲခဲ့ရင် အိပ်မပျော်တာ တွေ ဖြစ်တတ်လို့ပါ။
ဘယ်လို အလုပ်လုပ်သလဲ
Mult-Vitamins အားဖြည့်ဆေးမှာ ပါဝင်တဲ့ တချို့ဗီတာမင်တွေဟာ ဦး နှောက်ကို နာရီပေါင်းများစွာ တက်ြွက စေနိုင်တာမို့ အိပ်စက်မှုစက်ဝန်းကို အ နှောင့်အယှက်ဖြစ်စေတတ်ပါတယ်။ မ နက်စာ စားပြီးတာနဲ့ အားဆေးတွေ မှီဝဲ ရင် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် နိုင်ပါတယ်။
Tip!
ဖိစီးမှုများတဲ့ အလုပ်ကို လုပ်ဆောင်ရမယ်ဆိုရင် နံနက် ၁၀ နာရီမှာ ပြုလုပ်ပါ
သင့်မှာ အလုပ်နဲ့ပတ်သက်ပြီး တင် ပြစရာ ကြီးကြီးမားမားရှိခဲ့ရင် နံနက်ပိုင်း အချိန်ဟာ လုပ်ဆောင်ဖို့ အကောင်းဆုံး အချိန်ပါ။ စိတ်အေးချမ်းစေတဲ့ ဟော်မုန်း တွေဟာ ဒီအချိန်မှာ အမြင့်ဆုံးဖြစ်တယ် လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သု တေသီတွေက ဆိုပါတယ်။
၃။ ဦးစားပေးခံရဖို့ လိုအပ်နေရင် နေ့ လယ်ပိုင်းအချိန်မှာ ပြုလုပ်ပါ
သင်ရဲ့ အလုပ်ရှင်က သင့်ကို စစ် ဆေးမေးမြန်းတာကြောင့် သင့်အနေနဲ့ သင်ရဲ့သူငယ်ချင်းတစ်ယောက်ယောက် ဆီက ထောက်ခံတဲ့အဖြေ ရယူလိုချင်ရင် သူတို့ကို မနက် ၁၀ နာရီနဲ့ ၂ နာရီ ကြားမှာ မေးခိုင်းလိုက်ပါ။ လေ့လာမှုတွေ အရ တစ်နေ့တာအတွင်း ဒီအချိန်ဟာ ဖျောင်းဖျသွေးဆောင်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဘယ်လို အလုပ်လုပ်သလဲ
Brain Scan ပြုလုပ်ချက်အရ နေ့ လယ်ပိုင်းမှာ အချက်ကျကျ အကြောင်းပြ နိုင်တဲ့စွမ်းရည် (အငြင်းအခုံပြုလုပ်ရာမှာ ဖျားယောင်းသွေးဆောင်နိုင်ဖို့ လိုအပ်တဲ့ စွမ်းရည်)ဟာ အဆင့်မြင့်ဆုံးဖြစ်နေလို့ပါ။
Tips!
နေ့ခင်းပိုင်းမှာ အလုပ်ပိုလုပ်ပါ
သင်လုပ်ရမယ့်အလုပ်ကို အမြန်ပြီး စေချင်ရင် နေ့ခင်းပိုင်းမှာ ပြုလုပ်လိုက် ပါ။ အလုပ်မျိုးစုံလုပ်နိုင်တဲ့စွမ်းရည်ဟာ မနက် ၁၁ နာရီနဲ့ ညနေ ၃ နာရီကြား မှာ အကောင်းဆုံးအချိန်ဖြစ်လို့ပါ။ ဒီအ ချိန်မှာ ဦးနှောက်မှ ဆုံးဖြတ်မှု ပြုလုပ်နိုင် တာ အမြန်ဆုံးဖြစ်နေလို့ပါ။
၎။ ကိုယ်အလေးချိန် လျှော့ချလိုရင် ညစာ ကို စောစောစားပါ
သင် ဘယ်လောက်ပမာဏ စားသုံး တာတင်မဟုတ်ပါဘူး၊ စားသုံးတဲ့အချိန် ဟာလည်း ကိုယ်အလေးချိန် လျှော့ချရာ မှာ အရေးကြီးတဲ့ သော့ချက်တစ်ခုပါ။ လေ့လာမှုတစ်ခုအရ အိပ်ရာမဝင်ခင် သုံး နာရီအတွင်း အစာစားသုံးသူတွေဟာ ဒီ အချိန်ထက် ပိုစောပြီး စားသူတွေထက် ကိုယ်အလေးချိန် လျော့ကျမှုနည်းပါး ကြောင်း သိရပါတယ်။
ဘယ်လို အလုပ်လုပ်သလဲ
အိပ်ရာဝင်ချိန်နဲ့ နီးကပ်နေတဲ့အ တွက် သင့်ခန္ဓာကိုယ်ဟာလည်း အိပ်ဖို့ အတွက် ပြင်ဆင်နေပြီး ဇီဝရုပ်ဖြစ်ပျက် မှု နှေးသွားပါတယ်။ ဒါကြောင့် စားသုံး တဲ့ အစားအစာမှ ကယ်လိုရီအနည်းငယ် သာ လောင်ကျွမ်းသွားပြီး အများစုဟာ အဆီအနေနဲ့ ခန္ဓာကိုယ်မှာ စုဆောင်း သွားပါတယ်။ သင်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းတုန်းအချိန်မှာ အစာစားရင် ကိုယ် အလေးချိန် ပိုမိုလျော့သွားနိုင်ပါတယ်။
Tips!
လေဖြတ်ခြင်း မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်
ညစာ စောစောစားတာကြောင့် လေဖြတ်နိုင်ခြေ ၆၆ ရာခိုင်နှုန်း လျှော့ချ နိုင်ပါတယ်။ အစာစားပြီးတာနဲ့ ချက်ချင်း အိပ်ရာဝင်တာကြောင့် အိပ်ရင်းအသက် ရှူရပ်တာဖြစ်တတ်ပြီး လေဖြတ်နိုင်လို့ပါ။ ၅။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဖြစ် အောင် လေ့ကျင့်ခန်းလုပ်လိုရင် ညနေ ပိုင်းမှာ ပြုလုပ်ပေးပါ ညနေ ၄ နာရီနဲ့ ၈ နာရီကြားမှာ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် တစ်နေ့ တာလုံးဖြစ်ပေါ်နေတဲ့ ဖိစီးမှုတွေ ပျောက် ကင်းနိုင်ရုံမက အမျိုးအစား (၂) ဆီးချို ရောဂါဖြစ်နိုင်ခြေပါ လျှော့ချနိုင်တယ်လို့ သုတေသီတွေက သက်သေပြထားကြပါ တယ်။
ဘယ်လို အလုပ်လုပ်သလဲ ဒီအချိန်မှာ မြင့်တက်နိုင်တဲ့သွေး တွင်းသကြားဓာတ်တွေကို လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် လျှော့ချနိုင်လို့ပါ။ သွေးတွင်းသကြားဓာတ် ဆက်တိုက်မြင့် တက်တာဟာ ဆီးချိုရောဂါဖြစ်နိုင်လို့ပါ။
Tips!
နှလုံးကျန်းမာရေးလည်းကောင်းစေပါတယ်
ညစာစားပြီး လှုပ်လှုပ်ရှားရှားနေ တာကြောင့် အစာမှာပါဝင်တဲ့အဆီတွေ ကြောင့်ဖြစ်တဲ့ သွေးကြောစေးကပ်တာ ကို ပြန်လည်ပြုပြင်နိုင်ပါတယ်။
0 comments:
Post a Comment