ဟွဏ်းဘီးလ် ။ ။ နိုင်ငံတကာ အာကာသစခန်း ISS နဲ့ ပြီးခဲ့တဲ့ ၅ရက်က ချိတ်ဆက်မှု ပြုလုပ်ရာမှာ မအောင်မမြင်ဖြစ်ခဲ့တဲ့ ရုရှားကုန်တင် အာကာသယာဉ်ဟာ ယနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ ISS နဲ့ အောင်မြင်စွာ ပြန်လည် ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရပါတယ်။
လူလိုက်ပါခြင်း မရှိတဲ့ အဆိုပါ ကုန်တင် အာကာသယာဉ်ဟာ ISS ကို ပြီးခဲ့တဲ့ ဧပြီလ ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ အဆင့်မြင့် ဖန်တီးထားတဲ့ ချိတ်ဆက်မှု နည်းစနစ်အသစ်နဲ့ အင်ဂျင်နီယာ နည်းပညာသစ်တွေကို စမ်းသပ်ဖို့အတွက် ISS နဲ့ ချိတ်ဆက်ထားမှုကနေ ဖြုတ်ခဲ့ပါတယ်။
ဒါပေမယ့် ပထမအကြိမ် ပြန်လည် ချိတ်ဆက်ဖို့ ကြိုးစားစဉ်မှာတော့ နည်းပညာဆိုင်ရာ ပြဿနာအချို့ကြောင့် မအောင်မမြင် ဖြစ်ခဲ့ကြောင်း ရုရှား အာကာသ ထိန်းချုပ်ရေး စခန်း MCC က ပြောကြားခဲ့ပါတယ်။ ယခု ဒုတိယအကြိမ် ချိတ်ဆက်ရာမှာ အခက်အခဲ တစုံတရာမရှိ အောင်မြင်ခဲ့ပါတယ်။
ရုရှား ကုန်တင် အာကာသယာဉ်တွေဟာ ၁၀စုနှစ်ပေါင်းများစွာ ရုရှား အာကာသကုန်စည်တွေ သယ်ယူ ပို့ဆောင်ရေးအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ် အတွင်းမှာတော့ ရုရှားနိုင်ငံဟာ နှစ်ပေါင်း ၃၀အတွင်း ကုန်တင် အာကာသယာဉ်တစ်စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
0 comments:
Post a Comment