Tuesday, July 31, 2012

မြောက်ကိုရီးယားတွင် ရေကြီး၊ လူ ၈၈ ဦး သေဆုံး

ဟွဏ်းဘီးလ် ။    ။ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်း ဌာန၏ အပြောအရ တိုင်ဖွန်း မုန်တိုင်းကြောင့် ပြင်းထန်သည့် မိုးရွာသွန်းမှုများ ဖြစ်ပွားမှုနှင့်အတူ လူပေါင်း ၈၈ ဦး သေဆုံးပြီး ၁၃၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရသည်။

ကိုရီးယား ဗဟို သတင်း ဌာန၏ အပြောအရ ပြင်းထန်သည့် မိုးရွာသွန်းမှုများမှာ ယခုလ ၁၈ ရက်မှ ၂၄ ရက် အတွင်း ဖြစ်ပွားခဲ့ပြီး နိုင်ငံ တောင်ပိုင်းရှိ  Pyongan ခရိုင်တွင် ပိုမို ပြင်းထန်ကြောင်း ပြောခဲ့သည်။

စုစုပေါင်း နေအိမ် ငါးထောင်ကျော်မှာ ပျက်စီးခဲ့ရပြီး အိမ်ပေါင်း တစ်သောင်း နှစ်ထောင်မှာ ရေနစ်မြုပ်နေကြရကြောင်းလည်း သိရသည်။ အချို့သော လူ ၆၂၀၀၀ မှာလည်း နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးနေရကြောင်း သိရသည်။

ထို့အပြင် ယခုလို ရာသီဥတု အခြေအနေမှာ ပိုမိုပြီး ဆိုးရွားလာနိုင်ကြောင်းလည်း သိရသည်။ မြောက်ကိုရီးယား နိုင်ငံမှာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဆိုးရွားသည့် ရေလွှမ်းမိုးမှု များနှင့် ကြုံတွေ့ခဲ့ရပြီး မြစ်များကို ကာကွယ်နိုင်ရန် အတွက် အကာအကွယ်များ ပြုလုပ်ထားကြရန် တောင်းဆိုထားကြောင်းလည်း သိရသည်။

0 comments:

Post a Comment