ဟွဏ်းဘီးလ် ။ ။ ဗင်နီဇွဲလားနိုင်ငံဟာ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် ရုရှားနိုင်ငံလုပ် Sukhoi Su-35 Flanker-E ဘက်စုံသုံး တိုက်လေယာဉ် တွေဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အဲဒီလို တိုက်လေယာဉ်တွေကို လာမယ့်နှစ် အနည်းငယ်အတွင်း ၀ယ်ယူသွားဖို့ စဉ်းစား သုံးသပ်နေကြောင်း အကြောင်းကြားစာကို ရုရှားအစိုးရထံ ပေးပို့ပြီး ဖြစ်တယ်လို့ ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်ဇ်က ပြောကြားခဲ့ပါတယ်။
အဆိုပါ အက်စ်ယူ-သာတိဖိုက် တိုက်လေယာဉ် တွေဟာ တစ်ယောက်စီး အင်ဂျင်နှစ်လုံးတပ် ကဏ္ဍစုံသုံး အဆင့်မြင့် တိုက်လေယာဉ်တွေ ဖြစ်ပြီး ဒုံးလက်နက်နဲ့ အခြားစစ် လက်နက်တွေကိုလည်း တပ်ဆင် အသုံးပြုနိုင်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ အတွင်းကလည်း ဗင်နီဇွဲလား နိုင်ငံဟာ အီရန်နိုင်ငံက ကျွမ်းကျင် ပညာရှင်များ အကူအညီနဲ့ တည်ဆောက်ထားတဲ့ မောင်းသူမဲ့ လေယာဉ်တစ်စီးကို ပွဲထုတ် ပြသခဲ့တယ်လို့ သိရပါတယ်။
0 comments:
Post a Comment