ဟွဏ်းဘီးလ် ။ ။ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ Plateau ပြည်နယ်မှာ တနင်္ဂနွေနေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် Rikko မြစ်ရေလျှံကာ အိမ်ခြေ ၂၀၀ကျော် ရေစီးနဲ့မျှောပါခဲ့ပြီး လူ ၁၆ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ မြစ်ရေလျှံမှုဟာ Gangare နဲ့ Ogwan-Rogo ဒေသတွေမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ သိရပါတယ်။ မြစ်ရေကြီးမှု ဖြစ်ပွားရာနေရာ က ရေဘေးသင့်ပြည်သူတွေကို အနီးအနားရှိ စာသင်ကျောင်းတွေဆီ ကို ရွှေ့ပြောင်းပေးထားရပါ တယ်။
ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏများပြားနိုင်တယ်လို့ အမျိုးသားအရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီမှ အရာရှိတစ်ဦးက ပြောကြားေ ကြာင်း သိရပါတယ်။
0 comments:
Post a Comment