Saturday, July 21, 2012

ဂရိတွင် တောမီး လောင်ကျွမ်းမှု ဆက်တိုက်ဖြစ်ပေါ်နေ

ဟွဏ်းဘီးလ် ။     ။ ဂရိနိုင်ငံ Corinthia ဒေသရှိ Zevgolatio မြို့အနီးမှာ တောမီးများ ဆိုးဆိုးရွားရွား လောင်ကျွမ်းနေကြောင်း သိရပါတယ်။ အဆိုပါ မီးဟာ တနင်္လာနေ့ညက စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့အထိ ဆက်လက် လောင်ကျွမ်းနေခဲ့ ပါတယ်။ ဒါကြောင့် Zevgolatio ဒေသမှာ မီးသတ်ကား ၄၁စီး၊ မီးသတ် လေယာဉ် ၆စီးခန့်နဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။

ဒါ့အပြင် Argyra နဲ့  Achaia စီရင်စုတွေမှာလည်း မြို့နေလူထုကို ထိန့်လန့်စေအောင် တောမီး လောင်ကျွမ်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။


ဒေသတွင်း အချို့မြို့တွေမှာတော့ တောမီးဟာ လူနေအိမ်တွေဆီ ဦးတည်နေတာကြောင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဒေသခံ မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့အတူ အနီးအနားမြို့မှ မီးသတ် တပ်ဖွဲ့ဝင်တွေကလည်း တောမီးကို ငြှိမ်းသတ်နိုင်ဖို့ ၀ိုင်းဝန်းကူညီ ဆောင်ရွက်နေကြကြောင်း သိရပါတယ်။

0 comments:

Post a Comment