Wednesday, July 4, 2012

GCE 'A' Level အတွက် ပညာသင်ဆု ၅၀% ပေးအပ်မည်

04 Jul 2012  | By Net Guide

ဟွဏ်းဘီးလ်။    ။ မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသူ (သို့မဟုတ်) GCE 'O' Level အောင်မြင်ပြီးသူ များအနေဖြင့်UK နိုင်ငံရှိ Brooke House College တွင် GCE 'A' Level (General Certificate of Education - Advanced Level) အတွက် ပညာ သင်ဆု လျှောက်ထားနိုင်ကြောင်း သိရသည်။

GCE 'A' Level သည် နိုင်ငံတကာ တက္ကသိုလ်များသို့တက် ရောက်ရာတွင်Foundation Program ကို တက်ရောက်ရန်မလိုဘဲ တိုက် ရိုက် တက်ရောက်နိုင်သည့် ကမ္ဘာ့ အသိအမှတ်ပြု လက်မှတ်တစ်ခု လည်းဖြစ်ပြီး ယခုနှစ်အတွက် အနီး ဆုံး ကျောင်းဖွင့်ချိန်မှာ စက်တင် ဘာလဖြစ်သည်။

UK တွင် ၄၅ နှစ်ကျော် သက်တမ်းရှိ Brooke House College သည်GCE 'A' Level တက်ရောက်မည့် နိုင်ငံတကာ ကျောင်းသားများအား ၅၀% ပညာ သင်ဆု ပေးအပ်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှာ အသက် ၁၆ နှစ် ပြည့်မြောက်သူလူငယ်များလျှောက် ထားနိုင်ကြောင်း သိရသည်။ အသေးစိတ်သိလိုပါကOESC Education Center အခန်း ၃၀၄၊ီDNH Tower ၊ တတိယထပ်၊ ဒဂုံစင်တာ ၂ အနီး၊ ပြည်လမ်း၊ မြေနီ ကုန်း၊ ဖုန်း ဝ၁ ၅၁၉၀၉၂၊ ဝ၉ ၇၃၀ ၉၄၀၆၀ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

0 comments:

Post a Comment