Wednesday, August 22, 2012

သမ္မတ Assad ရာထူးမှ နုတ်ထွက်ရန် ဆီးရီးယား အစိုးရပြော

ဟွဏ်းဘီးလ် ။    ။ ဆီးရီးယား အစိုးရ အနေဖြင့် သမ္မတ ဘာရှာအယ်လ်အာဆက်ကို ရာထူးမှ နုတ်ထွက်စေမည့် အစီအစဉ် ရှိကြောင်း နိုင်ငံအတွင်းရှိ ဒုတိယ ဝန်ကြီးချုပ် ဖြစ်သူ Qadri Jamil  မှ အင်္ဂါနေ့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ အတွင်း ထုတ်ဖော် ပြောကြားလိုက်ပြီ ဖြစ်သည်။

ယခုလို သမ္မတကို ရာထူးမှ နုတ်ထွက်စေမှု အကြောင်းကို ပြောကြားခဲ့သော်လည်း ယင်းမှာ နိုင်ငံအတွင်း မတည်မငြိမ် ဖြစ်နေမှုများ အတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှု အကြို လုပ်ဆောင်ချက် တစ်ခု ဖြစ်လာမည် မဟုတ်ကြောင်း လည်း ပြောခဲ့သည်။

လွန်ခဲ့သည့် တနင်္လာနေ့က သမ္မတ အိုဘားမားမှ ဆီးရီးယား နိုင်ငံကို သတိပေးချက် ထွက်ပေါ်လာ အပြီးတွင် Jamil ၏ ပြောကြားချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
source : BBC news

0 comments:

Post a Comment