Tuesday, August 21, 2012

စင်္ကာပူ အင်ဂျင်နီယာ ဒီပလိုမာ လျှောက်ထားနိုင်

ဟွဏ်းဘီးလ် ။    ။ စင်္ကာပူနိုင်ငံ PSB Academy  ကျောင်းမှ Diploma in Electrical အင်ဂျင်နီယာနဲ့ Diploma in Mechanical အင်ဂျင်နီယာသာ လျှောက်ထား သူများ အတွက် Study Grant စင်္ကာပူ ဒေါ်လာ နှစ်ထောင်မှ သုံးထောင် အထိ လျှောက်ထား နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို လျှောက်ထား ရာမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ Intake မှာ လျှောက်ထား ရမှာဖြစ်ပြီး ၁၀ တန်း အောင်မြင်ထား သူများ၊ GCE  "O'', IGCSE နဲ့ အင်္ဂလိပ်စာ လိုအပ်ချက်များ အနေနဲ့ IELTS 5.5 သို့မဟုတ် Tofel 525 ရရှိထား သူများ လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။

http://www.psb-academy.edu.sg/default.aspx
ဒီလို လျှောက်ထားရာမှာ ကျောင်းလခ ကတော့ စင်္ကာပူ ဒေါ်လာ တစ်သောင်း ခြောက်ထောင် နှစ်ရာ ငါးဆယ့်သုံး ဖြစ်ပြီး ၅ ကြိမ် ခွဲသွင်းနိုင်တာ ဖြစ်တယ်လို့ Crown Education မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာ တက္ကသိုလ်ကြီး များမှာ အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာ သင်ယူလိုတဲ့ ကျောင်းသား၊ ကျောင်းသူ အများစုဟာ သင်္ချာနဲ့ ရူပဗေဒ အခြေခံ ဘာသာရပ် များကို ကျွမ်းကျင်ဖို့ လိုအပ်တဲ့ အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အင်ဂျင်နီယာ ဘာသာရပ်ကို ဆက်လက် လေ့လာ လိုသူများ အတွက် ရည်ရွယ်ပြီး Crown  Education Training Center မှ Basic Engineering Program များကို ဖွင့်လှစ်လျက် ရှိတယ် လို့လည်း သိရပါတယ်။ Ref:MRTV-4

0 comments:

Post a Comment