ဟွဏ်းဘီးလ် ။ ။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်မှာ ယမန်နေ့ ညက လမ်းဘေး ထောင်ဗုံး ပေါက်ကွဲမှုကြောင့် ပါကစ္စတန် စစ်သည် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
Karachi မြို့အနီး Kech ဧရိယာအတွင်းမှာ ပါကစ္စတန် နယ်မြေခံရဲတပ်ဖွဲ့နဲ့ ပြည်သူ ၁၅ဦးခန့် စီးနင်းလာတဲ့ ကားတစ်စီးဟာ လမ်းဘေးထောင် ဗုံးကြောင့် ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို နီးစပ်ရာ ပြည်သူ့ဆေးရုံမှာ ဆေးကုသပေးလျက်ရှိပါတယ်။
Karachi မြို့အနီး Kech ဧရိယာအတွင်းရှိ ကားတစ်စီးသည် လမ်းဘေးထောင် ဗုံးကြောင့် ပေါက်ကွဲနေစဉ်။ ။ ဓါတ်ပုံ- http://www.onlinenews.com.pk/ |
အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းက ထုတ်ဖော်ဝန်ခံခြင်း မရှိခဲ့ပေမယ့် ဒေသခံ အချို့ ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရပါတယ်။ ဒါဟာ ပြည်နယ်အတွင်းရှိ သဘာဝ အရင်းအမြစ်တွေကို ဒေသခံအစိုးရနဲ့ ဗဟိုအစိုးရတို့က ခွဲဝေဖို့ တောင်းဆိုခဲ့တဲ့အတွက် အခုလို ဗုံးထောင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရကြောင်း သိရပါတယ်။
0 comments:
Post a Comment