Friday, August 10, 2012

အရက်၏ အကျိုး အပြစ်များ

ဟွဏ်းဘီးလ် (ဂန္ဓာမာ)။        ။ အရက်အရက် အလွန် အကျွံ သောက်ခြင်း က သွေးပေါင်ချိန် ကို တက်စေ တယ်၊ အသည်း ကို ထိခိုက်စေတယ်။ အခြား ကျန်းမာရေးအ္တရာယ်များကိုလည်း တိုးမြှင့်ပေးတယ်။ ဒါတွေကတော့ လေ ဖြတ်ခြင်း၊ ယာဉ်မတော်တဆမှုများမှ သည် အူမကြီးနှင့် အစာရေမြွိုပန် ကင်ဆာများအထိ ပါဝင်တယ်။

လူအများအပြားအတွက် အရက်ကို အသင့်အတင့်သောက်ခြင်း (In Moderation) က ကျန်းမာရေးကို အမှန်တကယ်တိုးတက်ကောင်းမွန်စေ တယ်လို့ သုတေသီတို့က တွေ့ရှိထား တာရှိတယ်။ ဒါက စိတ်ဖိစီးမှုကို လျှော့ ချနိုင်ခြင်းနှင့် သွေးထဲရှိ ကိုလက် စထရောလ် "ကောင်း" (High- Density Lipoprotein, HDL) ပမာဏကိုမြင့်တက်စေလို့ပဲဖြစ်တယ်။

ဒီနေရာမှာသော့ချက်စကားလုံးက "သင့်တင့်သည့်ပမာဏ" (Moderation) ပဲဖြစ်တယ်။ တချို့ အတွက် တစ်နေ့ ၂ ခွက်သောက်ခြင်း က သိပ်များနေနိုင်တယ်။ တချို့ အတွက်တော့ တစ်နေ့ ၂ ခွက် (ယင်း ထက်မပိုရ)က "အိုကေ" နိုင်တယ်။ သို့ပေမယ့် တစ်နေ့တစ်ခွက်တည်းနှင့် သင့်စဉ်းစားတွေးခေါ်မှုအပေါ် ထိခိုက် မှုရှိတယ်ဆိုရင်တော့ အရက်က သင့် အတွက် ကောင်းကျိုးမဖြစ်နိုင်ပါဘူး။

0 comments:

Post a Comment