ဟွဏ်းဘီးလ် ။ ။ စွန့်ပစ်ထားသော တစ်ချိန်က ရောမမြို့၏ မြေအောက် မီးရထား လမ်းဟောင်းရှိရာ လိုဏ်ခေါင်း အတွင်းတွင် ဆေးခြောက်ပင်များကို တွေ့ရှိခဲ့ရကြောင်း rt သတင်းတွင် ဖော်ပြပါရှိသည်။ ဆေးခြောက် ၃၄၀ ကီလိုပမာဏကို အဆိုပါ စိုက်ခင်းတွင် တွေ့ခဲ့ရကာ ဈေးကွက် ပေါက်ဈေး အရ ယူရို ၃ သန်းကျော် ရှိကြောင်းလည်း သိရသည်။
ယခုလို ဆေးခြောက်ပင်များကို ရောမမြို့ ဘဏ္ဍာရေး ဆိုင်ရာ လုံခြုံရေး တပ်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ယင်းစိုက်ခင်းနှင့်အတူ အဆင့်မြင့် စိုက်ပျိုးရေးသုံး ပစ္စည်းများကိုလည်း တွေ့ရှိခဲ့ရကြောင်းနှင့် ရေသွင်းရေထုတ် ပြုလုပ်သည့် စနစ်နှင့်အတူ အလင်းရောင် ပေးနိုင်မည့် စနစ်များကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရောမမြို့ Torpignattara ခရိုင် မြေအောက်တွင် ရှိနေသည့် အဆိုပါ ရထားလမ်းပျက်မှာ လွန်ခဲ့သည့် ၁၉၃၀ ပြည့်လွန်နှစ်များကပင် စွန့်ပစ်ထားခဲ့ခြင်း ဖြစ်ပြီး ယခု စိုက်ပျိုးမှု အတွက် လူတစ်ဦးကိုသာ ဖမ်းမိထားသေးကြောင်းနှင့် စုံစမ်းမှုများ ထပ်မံ လုပ်ဆောင်နေကြောင်းလည်း သိရသည်။
0 comments:
Post a Comment