Saturday, August 18, 2012

အမေရိကတွင် West Nile ရောဂါပိုးကြောင့် လူ ၂၆ ဦး သေဆုံး

ဟွဏ်းဘီးလ် ။    ။ နိုင်ငံတောင်ပိုင်းရှိ ပြည်နယ်များ အတွင်း West Nile ခေါ် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် လူပေါင်း ၂၆ ဦး အထိ သေဆုံးခဲ့ရကြောင်း အမေရိကန် ပြည်ထောင်စုရှိ ကျန်းမာရေး တာဝန်ရှိသူများမှ ပြောကြားလိုက်သည်။ ရောဂါဗေဒ ကာကွယ် ထိန်းချုပ်ရေး ဌာန CDC မှ ပြောရာ၌ အင်္ဂါနေ့ အထိ လူပေါင်း ၃၃၆ ဦးမှာ ပြည်နယ် ၄၃ ခု အတွင်း ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရကြောင်း ပြောသည်။

တက္ကဆက် ပြည်နယ်မှာ အဆိုပါ ရောဂါပိုး အများဆုံး ကူးစက်ခံရသည့် ပြည်နယ်တစ်ခု ဖြစ်ပြီး ကူးစက်ခံရသူ ၃၃၆ ဦး အထိ ရှိကြောင်း သို့မဟုတ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကူးစက်ခံရသူ အားလုံး၏ ထက်ဝက်ရှိကြောင်းလည်း သိရသည်။ အလားတူပင် ယင်းပြည်နယ် အတွင်းတွင် သေဆုံးသူ ၁၄ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။ ယခုလို ဖြစ်ရပ်များနှင့်အတူ Dallay မြို့တော်ဝန် Mike Rawlings  မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ရောဂါပိုး ပျံ့နှံ့မှု မရှိရန် အတွက် ဖြစ်သည်ဟု ပြောသည်။

ယခုလို ကြေညာချက်မှာ နှစ်ပေါင်း ၄၆ နှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။  West Nile  ရောဂါပိုးကို လွန်ခဲ့သည့် ၁၉၃၇ ခုနှစ်က စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ကာ အာဖရိက နိုင်ငံတစ်ခု ဖြစ်သော ယုဂန္ဓာ နိုင်ငံတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး  ယင်းရောဂါပိုးမှာ ခြင်မှတစ်ဆင့် ကူးစက် ပျံ့နှံ့တတ်ခြင်း ဖြစ်သည်။  ယင်းရောဂါပိုးကြောင့်  အဖျားတက်ပြီး ခေါင်းကိုက်ခြင်းများ ဖြစ်စေကာ ဦးနှောက်ရောင်ရမ်းမှုနှင့် ဦးနှောက် အမှေးရောင် ရောဂါကို ဖြစ်ပွားစေနိုင်ကြောင်းလည်း သိရသည်။ source : NHK News

video platformvideo managementvideo solutionsvideo player

0 comments:

Post a Comment