Tuesday, August 28, 2012

အိန္ဒိယမှ ပြည်တွင်းလမ်းများ ပြုပြင်တည်ဆောက်မှုတွင် ကူညီပေးသွားမည်

ဟွဏ်းဘီးလ်။    ။ ပြည်တွင်းရှိ လမ်းပိုင်းများ ပြုပြင် ခင်းကျင်းရာမှာ အိန္ဒိယနိုင်ငံ အစိုးရမှ ကူညီပေး သွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းက သြဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ လမ်းပန်း ဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ ထည့်သွင်း ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို ကူညီ ဆောင်ရွက်ပေး သွားမယ့် လမ်းပိုင်းတွေ ကတော့ ကလော-ယာကြီး ၂၆ မိုင် လမ်းပိုင်း၊ ကလေး-ယာကြီး ၇၅ မိုင် လမ်းပိုင်း၊ တမူး-ကလေးဝ လမ်းပိုင်းနဲ့ တီးတိန်-ရိဒ် ၃၁မိုင် ၅ဖာလုံ လမ်းပိုင်းတို့မှာ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါ လမ်းပိုင်းတွေထဲကမှ တမူး-ကလေးဝ လမ်းပိုင်းကိုတော့ ပြုပြင် ခင်းကျင်းမှုတွေ ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ကျန်ရှိ နေတဲ့ လမ်းပိုင်းတွေကိုတော့ အိန္ဒိယနိုင်ငံမှ အဝေးပြေး လမ်းမကြီးတွေ အဖြစ် အဆင့်မြင့် တိုးချဲ့ ပြုပြင် ခင်းကျင်း ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို အဆင့်မြှင့်တင်မှု တွေဟာ မြန်မာ-အိန္ဒိယနဲ့ ထိုင်း ၃ နိုင်ငံ အဝေးပြေး လမ်းဖောက် လုပ်ရေး အတွက် ဖြစ်ပြီး ကုန်စည်များ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တင်ပို့ရာမှာ အထောက်အကူပြု စေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ Ref:MRTV-4

0 comments:

Post a Comment