Tuesday, August 28, 2012

Chester တက္ကသိုလ်က မြန်မာ ကျောင်းသားများ ပညာသင် ထောက်ပံ့ကြေး ပေးမည်

ဟွဏ်းဘီးလ်(ဘုန်းမြတ်)။    ။ အင်္ဂလန် အခြေစိုက် Global Education Consltancy နှင့် CROWN Education တို့ပူးပေါင်း၍ အင်္ဂလန် Chester တက္ကသိုလ်တွင် ပညာ သင်ကြား မည့် မြန်မာ ကျောင်းသား များအား ပညာသင် ထောက်ပံ့ကြေး ၅၀ ရာခိုင်နှုန်း ပေးအပ်သွားမည်ဖြစ်ကြောင်း ပညာရေး ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခု ဖြစ်သည့် CROWN Education မှ သိရသည်။

“ပညာသင်ထောက်ပံ့ကြေးပေးအပ်မယ့် ဘာသာရပ်တွေက MBAI BA (Hons) Business Studies, BA (Hons) Business Administration ,Degree Foundation နဲ့International Foundation Programme ဘာသာရပ်တွေကို ပညာသင်ထောက်ပံ့ကြေးပေးမှာပါ”ဟု CROWN Education မှ မသူဇာက ပြောသည်။

MBA ဘွဲ့အတွက် ပညာသင်ထောက်ပံ့ကြေးလျှောက်ထားချင်သူများအနေဖြင့် တက္ကသိုလ်အသိအမှတ်ပြု ဘွဲ့တစ်ခုခု ရရှိရမည်ဖြစ်ပြီးIELTS 6.0 ရရှိရမည်ဖြစ်ကြောင်း၊ BA (Hons:) ဘွဲ့အတွက် ပညာသင်ထောက်ပံ့ကြေး လျှောက်ထားသူများအနေဖြင့် တက္ကသိုလ် ပထမနှစ်အောင်မြင်ထားသူ(သို့) GCE A' Level အောင်မြင်ထားသူများ လျှောက်ထားနိုင်ကြောင်းသိရသည်။

“ပညာသင်ဆုရတဲ့သူတွေက အင်္ဂလန်နိုင်ငံမှာရှိတဲ့ Chester တက္ကသိုလ်မှာတက်ရောက်ရမှာပါ။ ပညာသင်ဆုကတော့ တစ်ဝက်ရမှာပါ”ဟု အဆိုပါပညာရေးဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

MBA ဘွဲ့သင်တန်းကို တစ်နှစ်ကြာတက်ရောက်သင်ကြားရမည်ဖြစ်ပြီး တစ်နှစ်ကုန်ကျငွေပေါင်း ၈၉၅၀ ကုန်ကျမည်ဖြစ်ကြောင်း၊ ပညာသင် ထောက်ပံ့ကြေးဖြင့် တက်ရောက်မည်ဆိုပါက မြန်မာကျပ်ငွေ ၅၈ သိန်းခန့်သာ ကုန်ကျမည်ဖြစ်ကြောင်းလည်း သိရသည်။

0 comments:

Post a Comment