ဟွဏ်းဘီးလ်။ ။ သီရိလင်္ကာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ပျက်စီးနစ်မြုပ်ခဲ့တဲ့ စွန့်ပစ်သင်္ဘောကနေ ပင်လယ်ပြင်အတွင်း ရေနံ ယိုဖိတ်မှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီလို ရေနံယိုဖိတ်မှုတွေနဲ့ ပတ်သက်ပြီး Panadura မြို့နယ်နဲ့ Negombo မြို့တို့အကြားရှိ ကမ်းရိုးတန်း ဒေသတလျှောက်ရှိ ရေလုပ်သားတွေ၊ ဒေသခံပြည်သူတွေနဲ့ ရေကြောင်း အာဏာပိုင်တွေကို သတိထား စောင့်ကြည့်ကြဖို့ သီရိလင်္ကာ သဘာဝဘေး စီမံခန့်ခွဲရေးဌာနက သတိပေး ပြောကြားထားသလို ရေနံယိုဖိတ်မှုတွေ ကမ်းခြေကို ရောက်ရှိလာပါက လူအင်အားသုံးပြီး ရှင်းလင်းပစ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
သီရိလင်္ကာ ရေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့ကလည်း အဆိုပါ ရေနံယိုဖိတ်မှုတွေ ကမ်းခြေကို ရောက်မလာစေဖို့ အတွက် အစီအစဉ်တွေ လုပ်ဆောင်လျက် ရှိပါတယ်။
အဆိုပါ သင်္ဘောနစ်မြုပ်မှုက ဖြစ်ပေါ်လာတဲ့ ရေနံယိုဖိတ်မှု အနည်းငယ်ဟာ Wellawatte အရပ်က ကမ်းခြေမှာ လာရောက် သောင်တင်နေတဲ့ အတွက် တာဝန်ရှိသူတွေက ရှင်းလင်းခဲ့ရပြီ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ အခုလို ရေနံယိုဖိတ်မှုမျိုးကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းကလည်း ဖြစ်ပွားခဲ့ဖူးပြီး အလျင်အမြန် ဖယ်ရှား ရှင်းလင်းနိုင်ခဲ့တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်နဲ့ ရေနေသတ္တ၀ါတွေကို ထိခိုက်မှု မရှိခဲ့ကြောင်း သိရပါတယ်။
0 comments:
Post a Comment