Friday, August 10, 2012

တရုတ်-မလေး ပူးပေါင်းစက်မှုဇုံ ထူထောင်မည်

ဟွဏ်းဘီးလ် ။        ။  တရုတ် နိုင်ငံနှင့် မလေးရှား နိုင်ငံတို့မှာ နှစ်နိုင်ငံ ပူးပေါင်းပြီး စက်မှုဇုံများ တည်ဆောက်ရန် အစီအစဉ်ကို ထုတ်ဖော် ပြောကြားလိုက်ပြီ ဖြစ်သည်။

အဆိုပါ စက်မှု ဇုံများကို နှစ်နိုင်ငံလုံးတွင် တည်ဆောက် မည် ဖြစ်ပြီး တရုတ် နိုင်ငံတွင် Guangxi Zhuang ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၌ လည်းကောင်း ၊ မလေးရှား နိုင်ငံ တွင် နိုင်ငံ အလယ်ပိုင်းရှိ ပြည်နယ်ဖြစ်သော Pahang ပြည်နယ်တို့တွင် တည် ဆောက်သွားမည် ဖြစ်သည်။
မလေးရှားနှင့်တရုတ် နိုင်ငံတို့မှ ကုမ္ပဏီ များမှာ အဆိုပါ ဇုံများ အတွင်းတွင် ရင်းနှီးမြှုပ်နှံကြမည် ဖြစ်ပြီး သင့်လျော်သည့် အခွန်အခများကိုသာ ပေးဆောင်ရမည့် အပြင်  အခြားသော မက်လုံးများကိုလည်း ပေးထားကြောင်း သိရသည်။ ယခု ကြေညာချက်ကို ဗုဒ္ဓဟူး နေ့က ပြောကြားခဲ့ခြင်း ဖြစ်ကာ  ယခု စက်မှုဇုံမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို နိုင်ငံခြားသို့ တင်ပို့မည် ဖြစ်သည်။

တရုတ် နိုင်ငံမှာ စီးပွားရေး တိုးနှုန်း ကျဆင်းနေပြီး အထူးသဖြင့် ဥရောပ ကြွေးမြီ ပြဿနာများကြောင့် ဖြစ်ကာ ၎င်းတို့၏ ထုတ်ကုန် တိုးတက်နိုင်ရေး အတွက် လုပ်ဆောင်ချက် အသစ်များကို ပြုလုပ်နိုင်ရန် ကြိုးစားမှု တစ်ရပ်ဖြစ်ကြောင်းလည်း အချို့က ခန့်မှန်းထားသည်။

0 comments:

Post a Comment