ဟွဏ်းဘီးလ်။ ။ အမေရိကန် ပြည်ထောင်စုမှ အာကာသ ယာဉ်မှုး တစ်ဦးဖြစ်သည့် Neil Armstrong မှာ ကမ္ဘာကြီးပေါ်မှ ပထမဆုံးသော လကမ္ဘာသို့ ခြေချခဲ့သူ ဖြစ်ပြီး ၎င်း၏ အသက် ၈၂ နှစ် အရွယ်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း မိသားစုမှ စနေနေ့က ပြောကြားခဲ့သည်။
ယခုလ အစောပိုင်းက နှလုံးခွဲစိတ်မှု ပြုခဲ့သူ Armstrong မှာ နှလုံး အစားထိုးပြီးနောက် သေဆုံးခဲ့ရခြင်းလည်း ဖြစ်သည်။
Apollo 11 အာကာသ ယာဉ်မှုးအဖြစ် တာဝန်ယူခဲ့ပြီး လွန်ခဲ့သည့် ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က လပေါ်သို့ ပထမဆုံး ခြေချနိုင်ခဲ့ကာ လူသားအားလုံးကို ကိုယ်စားပြုသည့် အောင်မြင်မှု တစ်ရပ်ကို လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။ source : news.yahoo.com
0 comments:
Post a Comment