Thursday, September 13, 2012

ဆေးတက္ကသိုလ် ၀င်ခွင့်အမှတ် ကန့်သတ်ထားခြင်းမရှိ

ဟွဏ်းဘီးလ် (ကိုဟိန်း)။    ။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို အမှတ်ကန့်သတ်ထားခြင်းမရှိဘဲ လျှောက်ထားသူများ၏ ရမှတ်များကိုစီ၍ ၀င်ခွင့်အမှတ်ကို ဆုံးဖြတ်ခြင်းဖြစ်သည်ဟု တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှပြောသည်။

“ဆေးတက္ကသိုလ်ဝင်ခွင့်ကို ဘယ်နှစ်မှတ်ရမှ ၀င်ခွင့်ရမယ်ဆိုပြီး ကန့်သတ်ထားတာမရှိပါဘူး။ ကျွန်တော်တို့ ယခုနှစ်ဆေးတက္ကသိုလ်အတွက် လူဦးရေ ၁၂၀၀ ခေါ်တယ်ဆို လျှောက်တဲ့သူတွေကို အမှတ်နဲ့စီပါတယ်။ တက္ကသိုလ်ဝင်တန်းမှာ အမှတ်များတဲ့သူတွေ လျှောက်တာများရင် ၀င်ခွင့်အမှတ်က မြင့်သွားပါတယ်။ ကျွန်တော်တို့က ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်တဲ့သူတွေကို အမှတ်အများကနေ အနည်းထိ စီပါတယ်။ အဲဒီလိုစီတဲ့အခါ ဆေးတက္ကသိုလ်က ဒီနှစ်အတွက်လူဦးရေ ၁၂၀၀ ခေါ်တယ်ဆို ၁၂၀၀ ပြည့်တဲ့အခါ ရပ်လိုက်ပါတယ်။ အဲဒီမှာ အမှတ်အများဆုံးရတဲ့ ၁၂၀၀ က ဆေးတက္ကသိုလ်ဝင်ခွင့်ကို ရရှိမှာပါ။ အခြားတက္ကသိုလ်တွေလို အမှတ်ကန့်သတ်ထားချက် မရှိပါဘူး” ဟု အဆိုပါပုဂ္ဂိုလ်မှပြောသည်။

ယခုလာမည့် စာသင်နှစ်အတွက် ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၁၂၀၀ လက်ခံပေးသွားမည်ဟုသိရပြီး စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက်ရရှိသူများသာ ၀င်ခွင့်ရနိုင်မည်ဟု ကျောင်းသားအများစုက ခန့်မှန်းကြသည်။

0 comments:

Post a Comment