ဟွဏ်းဘီးလ် ။ ။ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ Kenichiro Sasae မှာ အမေရိကန် ပြည်ထောင်စုသို့ ဂျပန် နိုင်ငံ၏ သံအမတ် အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ယခုလို သဘောတူညီချက်ကို အင်္ဂါနေ့က ဝန်ကြီးများ ရုံးမှ ခန့်အပ်ခဲ့ခြင်း ဖြစ်ကာ အခြားသော နိုင်ငံခြားရေး ဝန်ကြီး အသစ်များကိုလည်း ခန့်အပ်ခဲ့ကြောင်း သိရသည်။
ယခုလို ခန့်အပ်ခံရသူများထဲတွင် အမေရိကန် ၊ တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံများ အတွက် သံအမတ်သစ်များလည်း ပါဝင်ကြောင်း သိရသည်။ Sasae မှာ အာရှနှင့် ပင်လယ်များ ဒေသဆိုင်ရာ ရေးရာ ဗျူရိုတွင် အကြီးအကဲ အဖြစ် နှစ်နှစ်တာ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
အလားတူပင် ဒုတိယဝန်ကြီး Shinichi Nishimiya မှာ တရုတ်နိုင်ငံ အတွက် သံအမတ် အဖြစ် Uichiro Niwa ၏ နေရာတွင် အစားထိုး ခန့်အပ် ခံလိုက်ရပြီ ဖြစ်သည်။ အလားတူပင် ဒုဝန်ကြီး ဖြစ်သူ Koro Bessho မှာ တောင်ကိုရီးယား အတွက် သံအမတ် အဖြစ် ရွေးချယ် ခံလိုက်ရကာ ယခုလို ခန့်အပ်မှုများမှ တစ်ဆင့် ဂျပန်နိုင်ငံ အနေဖြင့် တရုတ်နှင့်တောင်ကိုရီးယားတို့နှင့် ဆက်ဆံရေး တိုးတက်စေရန် လိုလားလျက် ရှိကြောင်းလည်း သိရသည်။ source : nhk news
0 comments:
Post a Comment