Wednesday, September 5, 2012

မလေးရှားရဲတပ်ဖွဲ့မှ မူးယစ်မှောင်ခိုဂိုဏ်းဝင်များအား ဖမ်းဆီး

ဟွဏ်းဘီးလ် ။      ။ မလေးရှားနိုင်ငံတွင်းက မူးယစ်မှောင်ခိုဂိုဏ်း တစ်ဂိုဏ်းရဲ့ခေါင်းဆောင်လို့ ယူဆရတဲ့ အသက် ၃၅နှစ်အရွယ် နိုင်ဂျီးရီးယား အမျိုးသား တစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း လိုက်ပြီလို့ သိရပါတယ်။ အဲ့ဒီအမျိုးသားကို နက်ဂရီ ဆမ်ဘီလန်ပြည်နယ် လူကွတ်ဒေသရှိ ဘန်ဂလို တစ်လုံးအတွင်းမှာ ၎င်းရဲ့ အမျိုးသမီး မိတ်ဆွေနဲ့အတူ ပြီးခဲ့တဲ့ စနေနေ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ကွာလာလမ်ပူ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ညွှန်ကြားရေးမှူး နိုအာ ရာရှစ်က ပြောပါတယ်။

အဆိုပါပုဂ္ဂိုလ်ဟာ နိုင်ဂျီးရီးယားနိုင်ငံမှ ဟိုတယ်ပိုင်ရှင် တစ်ဦးဖြစ်မယ်လို့ ယူဆထားကြပြီး ၎င်းဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးဖို့ရာ ကြားခံ သယ်ယူပို့ဆောင်ပေးသူတွေအဖြစ် အမျိုးသမီးတွေကို အသုံးချလေ့ရှိပါတယ်။ ၎င်းကို ဖမ်းဆီးခဲ့စဉ်က ၎င်းနဲ့အတူ မလေးရှား ရင်းဂစ် သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ဘိန်းဖြူတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ မူးယစ်မှောင်ခိုဂိုဏ်းရဲ့ အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ နိုင်ဂျီးရီးယား အမျိုးသမီးတစ်ဦး၊ အီရန် အမျိုးသမီး ၃ဦးနဲ့ ဇမ်ဘီးယား အမျိုးသမီး ၁ဦးတို့ကိုလည်း ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ပါတယ်။ အဆိုပါ အမှုကို ၁၉၅၂ခုနှစ် အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါး အက်ဥပဒေ အပိုဒ်ခွဲ၃၉/ခ အရ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment