Wednesday, November 7, 2012

ချင်းပြည်နယ်တွင် တပ်မတော်နှင့် ရဲတို့ပူးပေါင်း ဖဲဝိုင်းထောင်

ဟွဏ်းဘီးလ်။        ။ အောက်တိုဘာလ နောက်ဆုံးပတ် ကတည်းက ချင်းပြည်နယ် ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ အမှတ်က/၆၆ သတင်း တပ်ဆွယ်ရုံးတွင် သတင်းတပ်ဆွယ်မှူး နှင့် မြို့နယ်ရဲစခန်းမှူး ထွန်းဇော် တို့ ဦးစီးပြီး ဖဲဝိုင်းကြီး ထောင် ထားသည်ဟု သိရ သည်။

“ဌာနဆိုင်ရာ အရာရှိတွေဟာ နေ့နေ့ညည ဖဲရိုက်နေကြတယ်၊ မိုးလင်းပေါက်ပါပဲ” ဟု ရပ်ကွက် သားတဦးက ပြော သည်။

ထို့အပြင် နိုဝင်ဘာ ၃ ရက်နေ့က မော်တော်ဆိုင်ကယ် မတော်တဆ တိမ်းမှောက်ပြီး လဲနေသည့် ကောင်မလေးတဦးကို ဥပဒေအရာရှိတဦးက ဖဲဝိုင်းမှ ထွက်လာပြီး ထိုးကြိတ်လိုက်ကြောင်း သိရ သည်။

“ ခင်ဗျားတို့ကို ပုဒ်မ အမျိုးမျိုးတပ်ပြီး အရေးယူ တရားစွဲပစ်မယ်ဟု ချိမ်းခြောက်လိုက်သေးတယ်” ဟု မျက်မြင်တဦးက ဆက်ပြောသည်။

ယခုလို တပ်မတော်သားများနှင့် ရဲစခန်းမှ တာဝန်ရှိတွေ၊ ဥပဒေအရာရှိတွေက ဖဲဝိုင်းထောင်နေ မှတော့ တရားဥပဒေ စိုးမိုး ရေး၊ နယ်မြေအေးချမ်းရေးဆိုတာ ဘယ်သူက ဆောင်ရွက်တော့မလဲ ဟု ဒေသခံတွေက ပြောကြသည်။

ချင်းပြည်နယ်မြို့များတွင် အဓိကအားဖြင့် စီးပွားရေးသမားများ၊ ဌာနဆိုင်ရာအရာရှိများသည် ဖဲဝိုင်းထောင် ထားကြ သည် ဟု ကြားသိရပြန်သည်။

“ မြို့တိုင်းလိုလို လောင်းကစားတာတွေကို ငွေကြေးချမ်းသာသူတွေ၊ ဌာနဆိုင်ရာလူကြီးတွေက အနည်းအများ လုပ်ကြပါ တယ် ” ဟု ထန်တလန်မြို့မှာ ရပ်မိရပ်ဖ တဦးက ပြောသည်။ Ref: KNG

0 comments:

Post a Comment