ဟွဏ်းဘီးလ် ။ ။ အမေရိကန် ရေတပ် ဖျက်သင်္ဘော တစ်စင်းနှင့် ဂျပန် နိုင်ငံမှ လောင်စာတင် ရေယာဉ်တို့မှာ ပါရှန်း ပင်လယ်ကွေ့ အတွင်း တိုက်မိခဲ့ကြောင်း သိရကာ တစ်စုံတစ်ဦးမှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြောင်းလည်း NHK သတင်းတွင် ဖော်ပြသည်။
အမေရိကန် ရေတပ်ပိုင် ရေတပ် သင်္ဘောအစု အမှတ် ၅မှာ ဂျပန် ရေနံတင် သင်္ဘော Otowasan နှင့် ဟော်မုတ် ရေလက်ကြား အနီးတွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက တိုက်မိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုလို ထိပ်တိုက် တွေ့ခဲ့သော်လည်း ရေယာဉ် ၂ စင်းလုံးမှာ ကောင်းစွာ မောင်းနှင်နိုင်ဆဲ ဖြစ်ကြောင်း သိရသည်။ ယခုလို တိုက်မိမှု ကြောင့် ရေတပ် သင်္ဘောမှာ ၁၀ မီတာ ဖြတ်ပိုင်း တစ်ပိုင်းခန့် ပျက်စီးခဲ့ရပြီး အနားရှိ ဆိပ်ကမ်း တစ်ခုကို ဆိုက်ကပ်ပြီး ပျက်စီးမှုများကို တိုင်းတာနေကြောင်းလည်း သိရသည်။
ယခုလို ဖြစ်ရပ်မှာ ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ရေယာဉ်မှုးမှာ တိုက်မိစဉ်က ရှေ့သို့ မြင်နိုင်ခဲ့ခြင်း ရှိ ၊ မရှိကိုမူ စစ်ဆေးနေဆဲ ဖြစ်ကြောင်း စစ်တပ် ပြောရေးဆိုခွင့် ရှိသူမှ ပြောကြား သွားခဲ့သည်။
0 comments:
Post a Comment