Saturday, August 18, 2012

GC တက္ကသိုလ်၏ ၃၀ ရာခိုင်နှုန်း ပညာသင်ဆု

ဟွဏ်းဘီးလ် (ချိုကို)။    ။ ယူကေရှိ Glasgow Caledonian University (GCU) ၏ စက်တင် ဘာ ကျောင်းဖွင့်ချိန်တွင် ကျောင်းတက်ရောက် မည့် ကျောင်းသား၊ ကျောင်း သူ များကို GCU တက္ကသိုလ် တာဝန်ခံ ကိုယ်တိုင် လာရောက်ပြီး ၂၄ ရက် ညနေ ၄ နာရီတွင်Regent Education ၌ ကျောင်းနှင့်ပတ်သက်သော အချက်အလက်များကို လာရောက်ရှင်းလင်းပြောကြား ပေးမည် ဖြစ်ပြီး ပညာ သင်ဆု အင်တာဗျူးကို ၂၅ ရက် ညနေ ၄ နာရီတွင် ထပ်မံကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

GCU ၏ အင်တာဗျူးနေ့တွင် ပညာသင်ဆုကို ၃၀ ရာခိုင်နှုန်းအထိ ပေးအပ်သွားမည်ဖြစ်ပြီး ပညာသင်ဆုလျှောက် ထားလိုသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့၏ ပညာရေးစာရွက် စာတမ်းမူရင်းနှင့်တကွ မိတ္တူကိုပါ ယူဆောင်လာရန်လိုအပ်ကြောင်းသိရ သည်။

Glagow မြို့ရှိGCU ၏Health Science Research သည် ယူကေ နိုင်ငံရှိ ထိပ်ဆုံးတက္ကသိုလ် ၁၀ ခုတွင် ပါဝင်ပြီး မာစတာဘွဲ့ကို တစ်နှစ် အတွင်း တက်ရောက်နိုင်သောကြောင့် မြန်မာနိုင်ငံမှM.B,B.S နှင့် Pharmacy ဘွဲ့ရကျောင်းသား၊ကျောင်းသူများရွေးချယ်တက်ရောက်သော တက္ကသိုလ်တစ်ခုဖြစ်သည်။ ကျောင်းလခအနေဖြင့် တစ်နှစ်လျှင် ၁၂၅ သိန်းခန့်နှင့် နေထိုင်စားသောက်စရိတ် ကျပ်သိန်း ၉၀ ခန့် ကုန်ကျကြောင်း သိရသည်။

GCU တွင် တက်ရောက်နိုင်သောဘွဲ့များမှာ Accountancy, 3D Computer Animation နှင့် အခြားနည်းပညာဘာသာရပ်များ၊Civil Engineering နှင့် အခြားအင်ဂျင်နီယာဘာသာရပ်များ၊ Computer & Communication ဘာသာရပ်များ၊ ဖက်ရှင်၊ စီးပွားရေးဘာသာရပ်များနှင့် ဆေးပညာရပ်ဆိုင်ရာ ဘာသာရပ်များအပါအဝင် ဘာသာရပ် ၅၀ ကျော် သင်ကြားနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်းသို့မဟုတ်ICGSE အောင် မြင်ပြီးသူများသည် တက္ကသိုလ်ဂုဏ်ထူးတန်းကို လေးနှစ်အတွင်းရယူနိုင်ပြီး အင်္ဂလိပ်စာဝင်ခွင့်သတ်မှတ်ချက်အနေဖြင့်IELTS 5.5 ရရှိရန်လိုအပ်ကြောင်း သိရသည်။

GCE'A'Level အောင်မြင်ပြီးသူများသည် တက္ကသိုလ်ဂုဏ်ထူး တန်းကို သုံးနှစ်အတွင်း ရယူနိုင်ပြီးIELTS 6.0 ရရှိထားရန်လိုအပ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာဘွဲ့ရရှိထားသူများအနေဖြင့် မာစတာဘွဲ့ကို တစ်နှစ်အတွင်းတက်ရောက်နိုင်သည်။ ဝင်ခွင့်အနေဖြင့် IELTS 6.5 ရရှိရန်လိုအပ်ကြောင်းသိရသည်။

မြန်မာကျောင်းသား၊ကျောင်းသူများ မြန်မာနိုင်ငံမှ မထွက်ခွာမီ လိုအပ် သောDepartment Briefingတာဝန်ခံကိုယ်တိုင် မြန်မာနိုင်ငံသို့လာရောက် ရှင်းလင်းပေးမည်ဖြစ်သည့်အတွက် ကျောင်းသားများအတွက် ကျောင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များနှင့် သိလိုသည်များကို လည်း စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

Glassgow Caledonian University ကို လျှောက်ထားရန် စိတ်ဝင်စားသောကျောင်းသား၊ ကျောင်းသူများအနေ ဖြင့်Regent ပညာရေးကုမ္ပဏီ ဖုန်း - ၅၀ဝ၀၅၄ သို့ဆက်သွယ်စုံစမ်းနိုင် သည်။ ပညာရေးရှင်းလင်းပွဲသို့တက်ရောက်လိုပါကလည်း ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment